Popular Posts

Thursday 30 May 2013

MKO(Malaysia Karen Organization)သို့ ဒိန်းမတ်တော်ဝင်မင်းသမီး Princess Mary လာရောက်လည်ပတ်။


















၂၀၁၃ ခုနှစ် မေလ(၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ၀န်ကြီးချုပ်၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဒိန်းမတ်နိုင်ငံ၏တော်ဝင်မင်းသမီး Princess Mary သည် မလေးရှား ကရင်အမျိုးသားအစည်းအရုံး(MKO)သို့လာရောက်လည်ပတ်ကြည့်ရှု သွားခဲ့သည်။ မလေးရှား ကရင်အမျိုးသားအစည်းအရုံးစာသင်ခန်း(Malaysia Karen Organization –Learning Centre) တွင်ဒုက္ခသည်ကရင်ကလေးငယ် များကို အားပေးစကားပြောကြားခြင်းများ၊ နွေးထွေးကြင်နာစွာနှုတ်ဆက်နှစ်သိမ့်မှုပေးခြင်းများပြုလုပ်ခဲ့သည်။ထို့နောက် ကျောင်းသားကလေးငယ်များနှင့် အတူတကွဓါတ်ပုံအရိုက်ခံပြီး Malaka English Speaking Class စာသင်ခန်းအတွင်းသို့  ၀င်ရောက်ကြည့်ရှုလျှက် ကျောင်းသားများအား၎င်းသိလိုသည်များကိုမေးမြန်းခဲ့ပါသည်။ ပို့ချသင်ကြားပေးနေသော ဆရာ၊ဆရာမများကိုလည်းရင်းနှီးစွာလိုက်လံနှုတ်ဆက်စကားပြောကြားပြီးနောက်
မွန်းလွဲ(၂း၃၀)ခန့်တွင် MKO(Malysia Karen Organization)မှ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Template by:

Free Blog Templates