Popular Posts

Friday 7 June 2013

http://thaiinmyanmarit.blogspot.com/

Samsung S3 Clone GT-I9300 Android Version( 4.1.9) တွေကိုအလွယ်တစ်ကူ Root လုပ်နည်း


Samsung S3 Clone GT-I9300 ( 4.1.9) တွေကိုအလွယ်တစ်ကူ root လုပ်နိုင်တဲ့နည်းလေပါ
root မလုပ်ခင် အရေကြီးတာက ကိုယ်ဖုန်းမှာ အသုံးပြုတဲ့ cpu usb driverကိုအရင်သွင်းထားမှ
အဆင်ပြေမှာပါ လိုအပ်တဲ့ driver များကိုအောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ


USB Driver ကိုဒေါင်းရန်

Root ဖိုင်းဒေါင်းရန်


ဒေါင်လို့ ရတဲ့ zip ဖိုင်းကိုဖြည့်လိုက်ပါ အထဲမှာ root ဖိုင်းရယ် driver ရယ်ရှိပါတယ်
root လုပ်မဲ့ ဖုန်းမှာ အရင်ဆုံး Settings > Develper > usb နေရာတွေကို အမှတ်လိုက်ခြစ်ပေးလိုက်ပါ
ပြီရင် ဖုန်းကို computer နဲချိတ်လိုက်ရင် driver တောင်လာပါမယ် ဒါဆို ပေးထားတဲ့ driver ဖိုင်းကို
သွင်းပေးလိုက်ပါ driver သွင်းပြီလို့  အောင်မြင်တယ်ဆိုရင် root လုပ်ဖို့  မခက်ခဲတောပါဘူ

root လုပ်ဖို့ အတွက် root ဖိုင်းကိုဖွင့်လိုက်ပါ အထဲက Run Me နေရာမှာနှိပ်ပါ
အမဲရောင် CMD အကွက်တက်လာပါမယ် အကွက်ထဲက 1 Mornal နေရာကိုနှိပ်ပြီ root မှာဖြစ်တဲ့အတွက်
ကွန်ပျူတာ ကီဘုတ်က 1 ကိုနှိပ်ပြီ enter နှိပ်ပါ ဒါဆို CDM အကွက်ထဲက အစိမ်ရောင်စာတန် Running....
ပေါ်လာရင် ဖုန်းမှာသွားကြည့်ပါ ( Do Not Restore & Restore My date ) စာတန်တက်လာပါမယ်
ဒါဆို Restore My date စာတန်ကိုရွေးပြီ  enter ဆက်နှိပ်ပါ  CDM အကွက်က နောက်ထပ်စာတန်
reboot your device 10 seconds .... စာတန်တက်လာရင် ဖုန်းကိုပါဝါအမြန်ပိတ်ပေးလိုက်ပါ ပြီရင်ချက်ခြင်
ပါဝါပြန်ဖွင့်ပေးလိုက်ပါ CDM ကအလုပ်ဆက်လုပ်သွားပါမယ် စာတန်တက်လာပြီ ရပ်နေရင် enter ကိုဘဲနှိပ်ပေးပါ နောက်ဆုံ CDM အကွက်ပိတ်ပြီ ဖုန်း reboot ကျပြီ ပြန်တက်လာရင် Superuser app
ရောက်နေပါပြီ အာလုံအဆင်ပြေပါစေ

http://www.youtube.com/watch?feature=player_embedded&v=rwMMCCQQwbE

Thursday 6 June 2013


 Please Help Us


 
To,

The UNHCR Regional Representative
3rd Floor, United NationsBuilding
Rajdamnern Nok Avenue
Bangkok 10200.
Mailing address: P.O. Box 2-121
Bangkok 10200
Thailand
Telephone          +66 2 288 1234
Date, May 27, 2013
Subject : requesting UNHCR to make Mae Fah Luang Foundation modify itsquestionnaire
             As the subject mentioned above, Mae Fah LuangFoundation have been starting their program ofcollecting information about the refugees in Mae la Camp.
1.     Indoing so, they called a meeting on May 5, 2013 to explain the refugees at ZonesA – 1 about their questionnaire.
Theymade a public statement explaining that every refugee has to answer all theirquestions, it is a must.
Therefugees said they would answer the questions which seemed safe to them, butthey didn’t want to answer the questions that supposed to be unsafe. But MFLFdidn’t accept it. After making their statement, they distributed theirquestionnaires to the refugees. They rejected the appeal and  made an appointment to see the refugees onMay 17, 2013 again.
Afterstudying their questionnaires, the refugees felt resentment against theirirrational questionnaires all directing refugees to go home. On that very day,most of the refugees appeal


မယ်လဒုက္ခသည်စခန်းသည် ဒုက္ခသည်ကို အလိုမရှိ

                                  မယ်လဒုက္ခသည်စခန်းသည် ဒုက္ခသည်ကို အလိုမရှိ
ဒုက္ခသည်များ ရေးတဲ့စာ၊ ဇွန် ၅၊ ၂၀၁၃
  
 ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ထိုင်းမြန်မာအစိုးရ UN , Mae  Fah Luang Foundation ( MFLF ) မှဦးဆောင်ကာ မြန်မာပြည်သို့ အတင်းအဓမ္မ ပြန်ပို့ရန် ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ ဒုက္ခသည်များဆန္ဒမပါဘဲ အတင်းအဓမ္မ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း အပေါ် များစွာစိတ်ဒုက္ခများရောက်နေရပါသည်။ စခန်းအာဏာပိုင်နှင် MFLF တို့  ပူးပေါင်း၍ ဖိအားပေးဆောင်ရွက်ခြင်းအပေါ် အကြောက်တရားနှင့် ရင်ဆိုင်နေရပါသည်။ ကျွန်ုပ်တို့ မယ်လဒုက္ခသည် စခန်းတွင် လူဦးရေ (၄,၃၀၀၀) ကျော်ရှိပြီး ထိုင်းနယ်စပ်တလျောက် ဒုက္ခသည်စခန်း(၉) ခုမှ ဒုက္ခသည် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပါသည်။ ကျွန်ုပ်တို့ကို မြန်မာပြည်သို့ အတင်အဓမ္မ ပြန်ပို့ရေးဆောင်ရွက်နေ ပါသဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများးကို အားကိုးကြီးစွာကယ်တင်ရန် အကူအညီ တောင်းခံအပ်ပါသည်။
၁။       ယခုရောက်သောစာကို ပြည်ပရောက်မြန်မာနိုင်ငံသားများ အသင်းအဖွဲ့များသို့ ဖြန့်ဝေပေးပါရန်။
၂။       လက်ခံရရှိသောအဖွဲ့အစည်းမှ တဆင့်နီးစပ်ရာ UN ရုံးနှင့် HMW သို့ တင်ပြအရေးဆိုပေးပါရန်။
၃။       နိုင်ငံတကာအစိုးရနှင့် NGO များမှ ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည်များအား အတင်းအဓမ္မ          မပြန်ပို့ရေးကို တားဆီးနိုင်ရန်နှင့် ဒုက္ခသည်များကို အသိအမှတ်ပြု မှတ်ပုံတင်ရေးကို ဆောင်ရွက်ပေးပါရန်။
MFLF မှ ၁၀.၅.၂၀၁၃ နေ့ရက်တွင် မယ်လဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်၍ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်ပို့ရန်အတွက် ကိုယ်ရေးအကျဉ်းချုပ်များကို အင်အားသုံး၍ ကောက်ခံမည်ဖြစ်ကြောင်း ကြိုတင် သတင်းရရှိထားပါသည်။ ကျွန်ုပ်တို့  ဒုက္ခသည်များအားနိုင်ငံတကာမှ အလေးထားပြီး ကူညီစောင့်ရှောက်နိုင်ရေးရရှိရန်အတွက် ကြိုးပန်းပေးစေလိုပါသည်။
ကျွန်ုပ်တို့စခန်းအတွင်း၌ မီဒီယာများဝင်ရောက်ခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခွင့် မရှိစေရန်သတင်းအမှောင်ချထားပါသည်။ 
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ဘဝ ဖြစ်စဉ်ဖော်ထုတ်နိုင်ရန်အတွက် လူကြီးမင်းတို့အား အားကိုးတကြီး ဆောင်ရွက်ပေးပါရန် အနူးအညွန့် မေတ္တာရပ်ခံအပ်ပါသည်။
                                                                                            ကျေးဇူးတင်ပါသည်
                                                                                         မယ်လဒုက္ခသည်စခန်း
                                                                                     တ(ခ်)ခရိုင်၊မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
နောက်ထပ်စာများ …
သို့
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
The UNHCR Regional Representative
3rd Floor, United Nations Building
Rajdamnern Nok Avenue
Bangkok 10200.
Mailing address: P.O. Box 2-121
Bangkok 10200
Thailand
Telephone          +66 2 288 1234
ရက်စွဲ ၂၀၁၃ခုနှစ်၊ မေလ၊ (၂၇) ရက်
အကြောင်းအရာ။             ။ Mae Fah Luang Foundation (MFLF) မှ မေးခွန်းပုံစံများကို ပြန်လည်
                               ပြင်ဆင်ပေးပါရန် တောင်းဆိုခြင်း
အထက်ပါအကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ (MFLF) ဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံတပ်ခရိုင်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်းတွင် ကိုယ်ရေးအကျဉ်းချုပ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
၁။ အဆိုပါကိစ္စဆောင်ရွက်ရာ၌ ဒုက္ခသည်များသိရှိနားလည်ရန်အတွက် ၁၃.၅.၂၀၁၃ ရက်နေ့က Zone A –Section A – 1 တွင် ရှင်းလင်းပွဲများပြုလုပ်ခဲ့ပါသည်။
           ထိုနေ့က ဖြေဆိုရန်မေးခွန်းများကို ရှင်းပြပေးရာမေးခွန်းများအားလုံးကို မဖြေမနေရနှင့် လူတိုင်းဖြေဆို ရမည်ဟု အတင်းအကြပ် စေခိုင်းခဲ့ပါသည်။
ဒုက္ခသည်များမှ အဆိုပါမေးခွန်းများကို လုံခြုံစိတ်ချသောမေးခွန်းများကိုဖြေဆိုပြီး လုံခြုံစိတ်ချမှု မရှိသောမေးခွန်းများကို မဖြေဆိုနိုင်ကြောင်းပြောဆိုရာ (MFLF)မှ လက်မခံခဲ့ပါ။ ရှင်းလင်းပွဲပြီးသည့် အခါ မေးခွန်းများ ပေးဝေခဲ့ပါသည်။ ထိုနေ့က ဒုက္ခသည်များမှ ရွေးချယ်ဖြေဆိုရန်မေးခွန်းတောင်းဆိုမှုကို ငြင်းပယ် ခဲ့ပြီး၁၇.၅.၂၀၁၃ ရက်ခန့်ကို ထပ်မံတွေ့ဆုံရန် ချိန်းဆိုခဲ့ပါသည်။
(MFLF) မေးခွန်းများကို မယ်လဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များမှဖတ်ရှူလေ့လာပြီး လုံခြုံ စိတ်ချမှုမရှိသော မေးခွန်းအပေါ်အတင်းအကြပ်ဖြေဆိုခိုင်းခြင်း မြန်မာနိုင်ငံသို့ပြန်ရန်အတွက်သာ ရည်ရွယ်ဖြေ ဆိုခိုင်းခြင်းအပေါ် လုံးဝကျေနပ်မှုမရှိကြောင်း ဖြစ်ပေါ်ခဲ့ပါသည်။  ထိုနေ့ ကဒုက္ခသည် အများစုမှာ တတိယနိုင်ငံ တွင် အခြေချနေထိုင်ရန် ဖေါ်ပြတောင်းဆိုခဲ့ပါသည်၊
၂။  ၁၇.၅.၂၀၁၃ နေ့တွင်လည်း (MFLF) နှင့် ထပ်မံတွေ့ဆုံရာတွင်ဒုက္ခသည်များမှ ရွေးချယ်ခွင့်ပေးရန်နှင့်မေး ခွန်းပုံစံပြင်ဆင်ပေးရန်အတွက် ဆွေးနွေးခဲ့သော်လည်းထပ်မံငြင်းပယ်ခဲ့ပါသည်။ ထို့ပြင်(MFLF) ကမေးခွန်း အားလုံးကို ရွေးချယ်ခွင့်မရှိပဲ မဖြေမနေရဟု အတင်းအကြပ်ဖြေခိုင်းပါသည်။ ဒုက္ခသည်များမှ (MFLF) မေးခွန်းများအား မေးခွန်းပုံစံပြင်ဆင်ပေးခြင်းနှင့် ရွေးချယ်ခွင့်မရှိပါက မေးခွန်းများကို မဖြေဆိုနိုင်ကြောင်း တင်ပြခဲ့ပါသည်။ (MFLF)က နောက်ထပ် (မေလ)မကုန်ခင်

Sunday 2 June 2013

သတိ


ပြည်သူလူထု လူငယ်လူ၇ွယ်မောင်မယ်များတို့ 
..............................................................
ကျမ နိုင်ငံေ၇းတွေ မတင်တတ်ပါဘူး ။ ဒါပေမယ့် အခု မလေးကိစ္စမှာ
တော်တော်လေး ဒီ အစိုး၇ကို အယုံအကြည်မယ့်သွားပြီ ။ ပြည်သူ နဲ့ ယှည်၇င် .. ကျမ ပြည်သူကိုပဲချစ်ပါတယ် ။
မင်းတို့တင်မြောက်ထားခဲ့တဲ့ အစိုး၇ဟာ ( မတင်မြောက်ပဲ မဲလိမ်ပြီးပဲ၇၇ )
ဒီ မလေး၇ှားကိစ္စကို သံ၇ုံးကလည်းလိမ် ။ အစိုး၇ကလည်းလိမ် ။
ဒါဟာ ပြည်သူတွေကို မချစ်တဲ့ လက္ခာဏာပဲ ။ ပြည်သူတစ်ဦးတစ်ယောက်၇ဲ့
အသက် တစ်ချောင်းကို တန်ဖိုးမထားနိုင်တာပဲ ။ ပြည်သူတွေ နိုင်ငံခြားကို ထွက်သွားကြ၇တာ
ပျော်လို့ ထွက်သွားကြတယ်များထင်နေကြသလား ။ အစိုး၇က အလုပ်မပေးနိုင်လို့
ထွက်သွားကြ၇တာပါ ။ ထွက်သွားကြ၇ပေမယ်လို့ နိုင်ငံ့ အပေါ် ကြသင့်ငွေတွေ ပေးဆောင် ခဲ့ ပြီး ပညာကြေး ဘာကြေး တွေ ပေးထားခဲ့၇သလို ။ ဒီဘက်မှာအလုပ်တွေ လုပ်၇င်း လုပ်အားခ၇ဲ့
အခွန်တွေ လည်း ဆောင် ပေးထားခဲ့ကြ၇ပါတယ် ။ ဒီလို နိုင်ငံ့အပေါ်မှာ ပြည်သူလူထုက တာဝန်ကြေ တာတောင် နိုင်ငံတော် အစိုး၇က ပြည်သူတွေကို လှည့် မကြည့် ၊ တန်ဖိုး မထားနိုင်
ဘယ်လို စိတ်မျိုးနဲ့ များ ဥပေက္ခာ ပြုနိုင်၇တာလဲ ။
ဒီအချိန်မှာ ပြည်သူတွေဟာ ဘာသာေ၇း ကို ၇င်ဆိုင်နေကြ၇ ၊ နိုင်ငံေ၇း၇ဲ့ လှည့်ကွက်ဇာတ်ခုံပေါ်မှာကကြ၇ ၊ ကိုယ့် စီးပွားကို ၇ှာကြ၇နဲ့ ပြည်သူတွေ
ဘာကိုမှ တာဝန်လွတ်မနေခဲ့ ကြပါပဲလျှက်တောင် ။ နိုင်ငံတော် ခေါင်းဆောင်လုပ်သူတွေက
ပြည်သူအပေါ်မှာ ထမ်းဆောင်၇မယ့် တာဝန်ကို ပုခုံးေ၇ှာင်တဲ့ စကားနဲ့ အေ၇းမကြီးသလိုအထာထားပြီး ပြည်သူတွေ ဒီလောက်တော့ စတေး၇မှာပေါ့ ဆိုတဲ့ သဘောပါတဲ့ စိတ်တွေ ဖြစ်ပေါ်နေတာ တော်တော် အခြေအနေဆိုးနေပြီ နော် ဒီအစိုး၇ဟာ ။
ပြည်သူထက် တခြားဟာတွေက ပို မို ပြီး အေ၇းကြီး နေတယ်ဆို၇င်တော့ အစိုး၇ ( ပြည်သူ့ဝန်ထမ်း ) မခေါ်တော့ဘူးနော ။ ဘယ်နိုင်ငံကို လွတ်လိုက်တဲ့ ပြည်သူကို မဆို အစိုး၇တာဝန်သာဖြစ်တယ် ။ အစိုး၇က မလွတ်ပဲ သွား၇င်သာ ၇ာဇ၀တ်သားဖြစ်မယ် ။ ပါတ်စပို့ထုပ်ပေးပြီး ခွင့်တာတယ်ဆိုတာ အစိုး၇ မမေ့ သင့်ဘူး ။ ဒီမိုကေ၇စီစနစ်ကို ဖော်ဆောင်နေတာလား ပြည်သူကို ဂ၇ုမစိုက်တာဟာ ။
လက်၇ှိအခြေအနေက ပြည်တွင်းကပြည်သူေ၇ာ ၊ ပြည်ပက ပြညိသူတွေေ၇ာ မလုံးခြုံးဘူးနော ။
မြင်နေသိနေကြပြီ ။ ဘာဖြစ်လို့လဲ ................. ။ အခု အမေစုဘက်ကလူတွေေ၇ာ ။ လက်၇ှိသမတကြီးဘက်ကလူတွေေ၇ာ သေချာစဉ်းစားကြစေချင်တယ် ။ ၇ှင်တို့ဟာလည်း ပြည်သူတွေပဲ ။ ပြည်သူတွေကို မလေး၇ှားမှာ ၊ အင်ဒိုနီး၇ှားမှာ .. အသတ်ခံခဲ့၇တာတွေ ၊ နိုင်ငံအတွင်းမှာ

Thursday 30 May 2013

MKO(Malaysia Karen Organization)သို့ ဒိန်းမတ်တော်ဝင်မင်းသမီး Princess Mary လာရောက်လည်ပတ်။


















၂၀၁၃ ခုနှစ် မေလ(၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ၀န်ကြီးချုပ်၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဒိန်းမတ်နိုင်ငံ၏တော်ဝင်မင်းသမီး Princess Mary သည် မလေးရှား ကရင်အမျိုးသားအစည်းအရုံး(MKO)သို့လာရောက်လည်ပတ်ကြည့်ရှု သွားခဲ့သည်။ မလေးရှား ကရင်အမျိုးသားအစည်းအရုံးစာသင်ခန်း(Malaysia Karen Organization –Learning Centre) တွင်ဒုက္ခသည်ကရင်ကလေးငယ် များကို အားပေးစကားပြောကြားခြင်းများ၊ နွေးထွေးကြင်နာစွာနှုတ်ဆက်နှစ်သိမ့်မှုပေးခြင်းများပြုလုပ်ခဲ့သည်။ထို့နောက် ကျောင်းသားကလေးငယ်များနှင့် အတူတကွဓါတ်ပုံအရိုက်ခံပြီး Malaka English Speaking Class စာသင်ခန်းအတွင်းသို့  ၀င်ရောက်ကြည့်ရှုလျှက် ကျောင်းသားများအား၎င်းသိလိုသည်များကိုမေးမြန်းခဲ့ပါသည်။ ပို့ချသင်ကြားပေးနေသော ဆရာ၊ဆရာမများကိုလည်းရင်းနှီးစွာလိုက်လံနှုတ်ဆက်စကားပြောကြားပြီးနောက်
မွန်းလွဲ(၂း၃၀)ခန့်တွင် MKO(Malysia Karen Organization)မှ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိပါသည်။

Friday 12 April 2013

မတရားကျင့်သူကို ဓါတ်လိုက်သွားစေမယ့် အတွင်းခံ


အိန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်တယ်၊
အပေါ်အောက် One-Set အတွင်းခံဖြစ်ပြီး ထိလိုက်တာနဲ့ အဲဒီ အမျိုးသား မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ် တဲ့။

အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေတဲ့အတွက် မတရားကျင့်ဖို့ကြိုးစားတဲ့အမျိုးသား  လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။


လျှပ်စစ်အင်္ကျီ တီထွင်တဲ့ အင်ဂျင်နီယာကျောင်းသူကျောင်းသားများ
 ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။
လုံးဝ မရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာပါ။
ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ်ပါဘူး။

နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။

ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ မိမိချစ်သူကို ဖက်တဲ့အခါ သတိထားဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

Tuesday 2 April 2013

Be Unity

Be Unity

Wednesday 16 January 2013

အဲဍောဟ်သာယှင်းဍောဟ် By ယှီးယှီး

Yangon Celebrates Karen New Year


Tuesday 15 January 2013

ကရင်၏ မူလဇာစ်မြစ် (၄)

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၄) သုတေသနစာတမ်း စောဖော (ရန်ကုန်တက္ကသိုလ်) ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက် ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။ အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာ ထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြား ရှိကြသေးသည်။ အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ - ၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚ ၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚ ၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15 ၄။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚ ၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45 ၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45 ၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45 ၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45 စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။ ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော “ထီးဆဲ့မဲ့ယွာ” (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကို ဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။ သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာ ထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- “A Glimpse of Turkestan” In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to be swallowed up by the desert courses or wandering off to be swallowed up by the desert sands.) + Read more အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် ‘လိုးအက်စ်’ ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော “သဲစီးဆင်းသောမြစ်” “သဲစီးဆင်းသောချောင်း” ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။ မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်က မြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။ ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။ တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍ စူးစမ်းရပေမည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ) အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော “မြစ်နှစ်မွှာ” မြစ်ဝှမ်းဒေသကို ရောက်ပေမည်။ လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road) နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။ သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာ ယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့် သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ‘စကော’ (မြန်မာအခေါ် ‘စော်ကဲ’) သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု “ကရင်” စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော ‘စကော’ သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် ‘ဆာဂွန်’ နှင့် အခေါ်အဝေါ် တူပါသည်။ မြန်မာ့ သမိုင်းမှာ “မင်းကြီးစွာစော်ကဲ ဘယ်သူလဲ” သိလိုသော ကရင်လူငယ်များ “မှန်နန်းရာဇ၀င်” ကို အခေါက်ခေါက် အခါခါ ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 “Sargon Empire” Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.) ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလ လူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။ ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။ ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y’wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.) ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.) ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y’wah) ကိုသာ ကိုးကွယ်သည်။ အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y’wah) သာလျှင် ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။ အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့် အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ် သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊ မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။ မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟု အဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁) ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည် (Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။ ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌ အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကို ထူထောင်ခဲ့သည်။ တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု ထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။ ဆက်လက်ဖော်ပြပါမည်။ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း။ ။ ဇွဲကပင်(ကျော်ခရော့)မှ ပြန်လည်ဖော်ပြပါသည်။

my vedio

Template by:

Free Blog Templates