Popular Posts

Thursday 6 June 2013


မယ်လဒုက္ခသည်စခန်းသည် ဒုက္ခသည်ကို အလိုမရှိ

                                  မယ်လဒုက္ခသည်စခန်းသည် ဒုက္ခသည်ကို အလိုမရှိ
ဒုက္ခသည်များ ရေးတဲ့စာ၊ ဇွန် ၅၊ ၂၀၁၃
  
 ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ထိုင်းမြန်မာအစိုးရ UN , Mae  Fah Luang Foundation ( MFLF ) မှဦးဆောင်ကာ မြန်မာပြည်သို့ အတင်းအဓမ္မ ပြန်ပို့ရန် ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ ဒုက္ခသည်များဆန္ဒမပါဘဲ အတင်းအဓမ္မ မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခြင်း အပေါ် များစွာစိတ်ဒုက္ခများရောက်နေရပါသည်။ စခန်းအာဏာပိုင်နှင် MFLF တို့  ပူးပေါင်း၍ ဖိအားပေးဆောင်ရွက်ခြင်းအပေါ် အကြောက်တရားနှင့် ရင်ဆိုင်နေရပါသည်။ ကျွန်ုပ်တို့ မယ်လဒုက္ခသည် စခန်းတွင် လူဦးရေ (၄,၃၀၀၀) ကျော်ရှိပြီး ထိုင်းနယ်စပ်တလျောက် ဒုက္ခသည်စခန်း(၉) ခုမှ ဒုက္ခသည် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပါသည်။ ကျွန်ုပ်တို့ကို မြန်မာပြည်သို့ အတင်အဓမ္မ ပြန်ပို့ရေးဆောင်ရွက်နေ ပါသဖြင့် ပြည်ပရောက်မြန်မာနိုင်ငံသားများးကို အားကိုးကြီးစွာကယ်တင်ရန် အကူအညီ တောင်းခံအပ်ပါသည်။
၁။       ယခုရောက်သောစာကို ပြည်ပရောက်မြန်မာနိုင်ငံသားများ အသင်းအဖွဲ့များသို့ ဖြန့်ဝေပေးပါရန်။
၂။       လက်ခံရရှိသောအဖွဲ့အစည်းမှ တဆင့်နီးစပ်ရာ UN ရုံးနှင့် HMW သို့ တင်ပြအရေးဆိုပေးပါရန်။
၃။       နိုင်ငံတကာအစိုးရနှင့် NGO များမှ ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည်များအား အတင်းအဓမ္မ          မပြန်ပို့ရေးကို တားဆီးနိုင်ရန်နှင့် ဒုက္ခသည်များကို အသိအမှတ်ပြု မှတ်ပုံတင်ရေးကို ဆောင်ရွက်ပေးပါရန်။
MFLF မှ ၁၀.၅.၂၀၁၃ နေ့ရက်တွင် မယ်လဒုက္ခသည်စခန်းအတွင်းသို့ ဝင်ရောက်၍ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်ပို့ရန်အတွက် ကိုယ်ရေးအကျဉ်းချုပ်များကို အင်အားသုံး၍ ကောက်ခံမည်ဖြစ်ကြောင်း ကြိုတင် သတင်းရရှိထားပါသည်။ ကျွန်ုပ်တို့  ဒုက္ခသည်များအားနိုင်ငံတကာမှ အလေးထားပြီး ကူညီစောင့်ရှောက်နိုင်ရေးရရှိရန်အတွက် ကြိုးပန်းပေးစေလိုပါသည်။
ကျွန်ုပ်တို့စခန်းအတွင်း၌ မီဒီယာများဝင်ရောက်ခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခွင့် မရှိစေရန်သတင်းအမှောင်ချထားပါသည်။ 
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ဘဝ ဖြစ်စဉ်ဖော်ထုတ်နိုင်ရန်အတွက် လူကြီးမင်းတို့အား အားကိုးတကြီး ဆောင်ရွက်ပေးပါရန် အနူးအညွန့် မေတ္တာရပ်ခံအပ်ပါသည်။
                                                                                            ကျေးဇူးတင်ပါသည်
                                                                                         မယ်လဒုက္ခသည်စခန်း
                                                                                     တ(ခ်)ခရိုင်၊မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
နောက်ထပ်စာများ …
သို့
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
The UNHCR Regional Representative
3rd Floor, United Nations Building
Rajdamnern Nok Avenue
Bangkok 10200.
Mailing address: P.O. Box 2-121
Bangkok 10200
Thailand
Telephone          +66 2 288 1234
ရက်စွဲ ၂၀၁၃ခုနှစ်၊ မေလ၊ (၂၇) ရက်
အကြောင်းအရာ။             ။ Mae Fah Luang Foundation (MFLF) မှ မေးခွန်းပုံစံများကို ပြန်လည်
                               ပြင်ဆင်ပေးပါရန် တောင်းဆိုခြင်း
အထက်ပါအကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ (MFLF) ဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံတပ်ခရိုင်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်းတွင် ကိုယ်ရေးအကျဉ်းချုပ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
၁။ အဆိုပါကိစ္စဆောင်ရွက်ရာ၌ ဒုက္ခသည်များသိရှိနားလည်ရန်အတွက် ၁၃.၅.၂၀၁၃ ရက်နေ့က Zone A –Section A – 1 တွင် ရှင်းလင်းပွဲများပြုလုပ်ခဲ့ပါသည်။
           ထိုနေ့က ဖြေဆိုရန်မေးခွန်းများကို ရှင်းပြပေးရာမေးခွန်းများအားလုံးကို မဖြေမနေရနှင့် လူတိုင်းဖြေဆို ရမည်ဟု အတင်းအကြပ် စေခိုင်းခဲ့ပါသည်။
ဒုက္ခသည်များမှ အဆိုပါမေးခွန်းများကို လုံခြုံစိတ်ချသောမေးခွန်းများကိုဖြေဆိုပြီး လုံခြုံစိတ်ချမှု မရှိသောမေးခွန်းများကို မဖြေဆိုနိုင်ကြောင်းပြောဆိုရာ (MFLF)မှ လက်မခံခဲ့ပါ။ ရှင်းလင်းပွဲပြီးသည့် အခါ မေးခွန်းများ ပေးဝေခဲ့ပါသည်။ ထိုနေ့က ဒုက္ခသည်များမှ ရွေးချယ်ဖြေဆိုရန်မေးခွန်းတောင်းဆိုမှုကို ငြင်းပယ် ခဲ့ပြီး၁၇.၅.၂၀၁၃ ရက်ခန့်ကို ထပ်မံတွေ့ဆုံရန် ချိန်းဆိုခဲ့ပါသည်။
(MFLF) မေးခွန်းများကို မယ်လဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်များမှဖတ်ရှူလေ့လာပြီး လုံခြုံ စိတ်ချမှုမရှိသော မေးခွန်းအပေါ်အတင်းအကြပ်ဖြေဆိုခိုင်းခြင်း မြန်မာနိုင်ငံသို့ပြန်ရန်အတွက်သာ ရည်ရွယ်ဖြေ ဆိုခိုင်းခြင်းအပေါ် လုံးဝကျေနပ်မှုမရှိကြောင်း ဖြစ်ပေါ်ခဲ့ပါသည်။  ထိုနေ့ ကဒုက္ခသည် အများစုမှာ တတိယနိုင်ငံ တွင် အခြေချနေထိုင်ရန် ဖေါ်ပြတောင်းဆိုခဲ့ပါသည်၊
၂။  ၁၇.၅.၂၀၁၃ နေ့တွင်လည်း (MFLF) နှင့် ထပ်မံတွေ့ဆုံရာတွင်ဒုက္ခသည်များမှ ရွေးချယ်ခွင့်ပေးရန်နှင့်မေး ခွန်းပုံစံပြင်ဆင်ပေးရန်အတွက် ဆွေးနွေးခဲ့သော်လည်းထပ်မံငြင်းပယ်ခဲ့ပါသည်။ ထို့ပြင်(MFLF) ကမေးခွန်း အားလုံးကို ရွေးချယ်ခွင့်မရှိပဲ မဖြေမနေရဟု အတင်းအကြပ်ဖြေခိုင်းပါသည်။ ဒုက္ခသည်များမှ (MFLF) မေးခွန်းများအား မေးခွန်းပုံစံပြင်ဆင်ပေးခြင်းနှင့် ရွေးချယ်ခွင့်မရှိပါက မေးခွန်းများကို မဖြေဆိုနိုင်ကြောင်း တင်ပြခဲ့ပါသည်။ (MFLF)က နောက်ထပ် (မေလ)မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု ထပ်မံပြော ပါသည်။
၃။  (MFLF)ကရှင်းလင်းရာတွင်ယခုအစီအစဉ်မှာ (UNHCR)မှထိုင်းနိုင်ငံအစိုးရသို့ အကူအညီ တောင်းခံ ခဲ့ကြောင်း၊ ထိုင်းနိုင်ငံအစိုးရမှ (MFLF)သို့ တာဝန်ပေးခဲ့ကြောင်း၊ ယခုအစီအစဉ်ကို (MFLF)အား (UNHCR)မှကူညီပံပိုးမှုဖြင့် ဆောင်ရွက်ရကြောင်းရှင်းလင်းပြောကြားပါသည်။ထိုင်းနိုင်ငံအစိုးရသည် ကမ္ဘာကုလ သမဂ္ဂ၏ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ပဋိညိဉ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိ၍ပဋိညိဉ်ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါ။ ဒုက္ခသည်များကို ဒုက္ခသည်အခွင့်အရေးအရ ဆောက်ရွက်ပေးရန်လိုအပ်ပါသည်။လူ သားခြင်း စာနာမှုနည်းပါးနေကြောင်းတွေ့မြင်ရပါသည်။ ၂၀၀၅ ခုနှစ်မှစ၍ ဒုက္ခသည်များအားဒုက္ခသည် မဟာမင်းကြီးရုံးတွင် မှတ်ပုံတင်ရန်အတွက် ထိုင်းအစိုးရမှ သဘောမတူ ခွင့်မပြုဘဲကန့်ကွက်ကြောင်း၊ UNHCR မှ ပြောပြ၍ ကြားသိရပါသည်။ ထိုသို့ ကန့်ကွက်မှုကြောင့် ယနေ့တိုင် ဒုက္ခသည်များမှာစခန်းကို သံဆူးကြိုးခတ်၍ အကျဉ်းသားပမာ နှစ်ရှည်လများ ဒုက္ခများကို ခံစားနေရပါသည်။ ဒုက္ခသည်များကိုစခန်း အတွင်း၌ သုံးနှစ်ထပ် ပိုမိုထားရှိပါက ဒုက္ခသည်များ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊  ရုပ်ပိုင်ဆိုင်ရာ၊ ကျဆင်းနေ မည်ဖြစ်၍တတိယနိုင်ငံတွင် အခြေချနေထိုင်ခွင့်ပေးရမည်ဟု ဒုက္ခသည်များ အခွင့်အရေးတွင် ပါရှိပါသည်။အဆိုပါအချက်ကို လျစ်လျူရှုနေကြောင်းတွေ့မြင်ရပါသည်။ ယခုအခါတွင် ဒုက္ခသည်စခန်းအတွင်း၌နှစ်ရှည် လများ အနာဂတ်မျော်လင့်ချက်မဲ့စွာဖြင့် နေထိုင်းကြပြီး မြန်မာပြည်သို့ အတင်းအဓမ္မပြန်ပို့ရန် MFLF မှ လာရောက်ဆွေးနွေးခြင်းအပေါ် များစွာစိတ်ထိခိုက်ခံစားနေရပါသည်။
                ထိုင်းနိုင်ငံအစိုးရအနေဖြင့်ဒုက္ခသည်များကို မှတ်ပုံတင်ပေးရန် ဆက်လက်ပိတ်ပင်မည်ဆိုပါက ကျွန်ုပ် တို့ ဒုက္ခသည်များးအားတတိယနိုင်ငံ ဒုက္ခသည်စခန်းတို့ ရွေ့ပြောင်းပေးရန် ပို့၍ သင့်လျော်မည်ဟု ထင်ပါ သည်။ ထိုသို့ပြောင်းရွေ့ခြင်းအားဖြင့် စိတ်ခံစားမှုများ၊ စိတ်ဖိစီးမှုများ၊ လျော့နည်းကျဆင်းပြီး လွတ်လပ်မှုပိုမိုရရှိနိုင်ပါလိမ့်မည်။ ထို့အပြင် အနာဂတ်ဘ၀အတွက် ပုံဖေါ်ဖန်တီးခွင့်လည်း ရှိမည်ဟုထင်ပါသည်။
                သို့မဟုတ်ပါက ထိုင်းနိုင်ငံဒုက္ခသည်စခန်းအတွင်း ဆက်လက်နေထိုင်၍ မြန်မာပြည်ပြန်ပါက လွတ်ရက် မရှိသော ထောင်သားကဲ့သို့ဘ၀အကျဉ်းသား ဖြစ်နေပါမည်။ လူသတ်မှုဖြင့် ပြစ်မှုကျူးလွန်သော ထောင်ကျ အကျဉ်းသားမှာ ၁၀နှစ် ကျခံရပါက လွတ်ရက် တိကျမှုရှိပါသည်။ ကျွန်ုပ်တို့သည် ဒုက္ခသည်ဘ၀ကို လွတ် ရက်မရှိသောသူများနှင့်တူနေပါသည်။ မည်သည့်နေ့ရက်ကို လွတ်မည်ဟု ကျွန်ုပ်တို့ကိုယ်တိုင် မသိသလိုလူကြီးမင်းတို့ ကိုယ်တိုင်လည်း သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် လူကြီးမင်းတို့မှ ကျွန်ုပ်တို့၏ဒုက္ခသည်ဘ၀ လွတ်မြောက်မည့် သတ်မှတ်နိုင်သူများဖြစ်၍ လွတ်ရက်သတ်မှတ်နိုင်ရန် ဆောင်ရွက်ပေးစေချင်ပါသည်။
၎။ ကျွန်ုပ်တို့ ဒုက္ခသည်များမှာ မိမိတို့၏ လွတ်လပ်သော သဘောဆန္ဒမပါဘဲနှင့်လုံခြုံစိတ်ချမှုမရှိသောမေးခွန်း များကိုအတင်းအကြပ်ဖြေဆိုခိုင်းမှုအပေါ် လုံးဝကျေနပ်မှုမရှိပါ။ ထို့အပြင် မေးခွန်းပုံစံပြင်ဆင်ပေးပါရန် (MFLF)ကို (UNHCR)မှ တစ်ဆင့် အောက်ပါအချက်အလက်များကို ဒုက္ခသည်များမှ အသီးသီးလက်မှတ် ရေးထိုး၍ တောင်းဆိုအပ်ပါသည်။
MFLF သို့တောင်းဆိုချက်
က။      မေးခွန်းများနှင့် မေးခွန်းပုံစံများကို ပြင်ဆင်ပေးရန်။
ခ။       မေးခွန်းများကို ပြန်လည်ပြင်ဆင်ရာ၌ မယ်လဒုက္ခသည်စခန်းအတွင်းရှိ ဒုက္ခသည်ကိုယ်စားလှယ်များ ကို(MFLF)  နှင့် အတူပါဝင်ဖွဲ့စည်းပြီးမှသာ ရေးဆွဲရန်။
ဂ။       မေးခွန်းပုံစံများကို
(၁) မိမိဆန္ဒအလျောက် အမိနိုင်ငံသို့ပြန်လည်ပို့ဆောင်ခြင်း
(၂) ထိုင်းနိုင်ငံအတွင်း နေထိုင်းခြင်း
(၃) တတိယ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ကို ပူးတွဲဖော်ပြဖြေဆိုခြင်း မဟုတ်ဘဲ သီးခြား ပုံစံတစ်ခုစီဖြင့်ကိုယ်တိုင်ရေးသားဖြေဆိုရန်၊ (Tablet) ဖြင့် ဖြေဆိုခြင်းကို မလိုလားပါ။
ဃ။      မေးခွန်းများကို မိမိသဘောဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ဖြေဆိုခွင့်ပြုပါရန်။
င။       လူထုဆန္ဒသဘောထားကို အခြေခံ၍ လူထုဆန္ဒကိုဖော်ထုတ်ပေးရန်။
စ။       လူထုဆန္ဒသဘောထားကိုအခြေမခံဘဲဆန့်ကျင်ပါက (MFLF) မေးခွန်းများကို လုံးဝဖြေဆိုမည်မဟုတ် ပါ။
၅။           အထူးတောင်းဆိုလိုသည့်အချက်မှာ ယခုလက်မှတ်ရေးထိုး သူများအားလုံးသည် မြန်မာနိုင်ငံ သို့ (MFLF)က အတင်းအဓမ္ဓပို့ဆောင်ခြင်းကို မိမိ၏ဆန္ဒအရ ပြန်ရခြင်းကို လုံးဝလက်မခံပါ။ သို့ဖြစ်ပါသောကြောင့် တတိယနိုင်ငံသို့အခြေချနေထိုင်ခြင်း ဆန္ဒကိုသာ ဆောင်ရွက်ပေးပါရန် အထူး တောင်းဆိုအပ်ပါသည်။ ၂၆.၅.၂၀၁၃ ရက်နေ့က လက်မှတ်စုဆောင်းကောက်ခံသူများကိုရပ်ကွက် လုံခြုံရေးများမှ ဟန့်တားနှောင့် ယှက်ပါသည်။ ဇုံအေ ဇုံမှူးမှ ရပ်ကွက်ရှိ အိမ်ထောင်ဦးစီးများကိုလက်မှတ်မထိုးရန် လုံခြုံရေးမှူးများမှတဆင့် တားမြစ်ခဲ့ပါသည်။ ဇုံဘီ ဘီဖိုးနှင့် ဇုံစီစီဖိုးအေ တွင် ရပ်ကွက်မှူးများမှ တုံးခေါက်၍ ရပ်ကွက်လူထုကို အစည်းအဝေးခေါ်ပြီး လက်မှတ်မထိုးရန်တားမြစ် ခဲ့ပါသည်။ ထို့ကြောင့် လက်မှတ်ရေးထိုးရန် ကောက်ယူစု ဆောင်းမှုကို ခက်ခဲမှုနှင့်ရင်ဆိုင်ရသဖြင့် ရပ်ဆိုင်း ခဲ့ရပါသည်။ ထိုသို့ လက်မှတ်ရေးထိုးပေးခဲ့သောသူများမှာ စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လျှက်ရှိပါသည်။ လက်မှတ်များ ဆက်လက်စုဆောင်းရန်အတွက် အခက်အခဲတွေ့၍အများစုမှ လက်မှတ်ထိုးခွင့်မရဘဲ ပိတ်ပင်ခံရသည်။
                သို့ပါ၍ ဤအကြောက်တရားထဲမှအရဲစွန့်လက်မှတ်ရေးထိုးသူများ၏ လုံခြုံမှုအတွက် UNHCRမှ စဉ်းစား၍ပထမအဆင့်အနေဖြင့် ဒုက္ခသည်များအဖြစ် တရားဝင်သတ်မှတ်ပေးပါရန် သို့မဟုတ် တတိယနိုင်ငံရှိဒုက္ခသည်စခန်းတခုခုသို့ ဥပမာ (အင်ဒိုနီးရှား၊ မလေးရှား)သို့ ပြောင်းရွေ့ ပေးပါရန် တောင်းဆိုတင်ပြ အပ်ပါသသည်။
အထက်ဖော်ပြပါ တောင်းဆိုချက်များကို ထိုင်းနိုင်ငံမယ်လဒုက္ခသည်စခန်း အတွင်းရှိ ဒုက္ခသည်များမှ အားလုံးသဘောတူညီကြပြီး လက်မှတ်အသီးသီး ရေးထိုးကြပါသည်။သဘောတူ လက်မှတ်ရေးထိုးသူ လူဦးရေမှာ ( ၃၆၄၄)နှင့်လက်မှတ်ရေးထိုးထားသော စာရွက်အရေအတွက်မှာ(၂၇၅ ) ဖြစ်ပါသည်။
အဆိုပါ ရေးထိုးထားသော လက်မှတ်များကို ယခုစာနှင့် အတူပူးတွဲတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
ဒုက္ခသည်များ
မယ်လဒုက္ခသည်စခန်း
တပ်ခရိုင် ထိုင်းနိုင်ငံ

0 comments:

Post a Comment

Template by:

Free Blog Templates